တစ်ခါက
ရွာတစ်ရွာတွင် .. ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဖြစ်သည် ... ဆရာတော်
ကြီး က ဆွမ်းစားနေသည် ... ကျောင်းအောက်တွင် ကျောင်းသား လေးတွေ ဆူညံ
ကစားနေသည်.... အဲဒါကို ဘုန်းကြီးက ငြိမ်သက် သွားစေရန် ကျောင်းသားတွေကို
ခေါ်လိုက်တယ်.. ခေါ်ပြီး
အောက်ပါ အတိုင်း ပြောလိုက်တယ်...
ဟဲ့  ကျောင်းသား ... လာစမ်း ဒီနားကို .. ဘုန်းကြီးတွေ ဆွမ်းစားနေတယ် လာ ကြည်ညိုစမ်း ဟု ပြောလိုက်လေသည်...
ကလေးလဲ
ဆရာတော်ကြီးက ပြောတာ ဆိုတော့ ဘုန်းကြီးတွေ ဆွမ်းစားနေတဲ့
ဘေးနားသွားထိုင်ကြည့်နေလိုက်တယ်.. စိတ်ထဲမှာလဲ စားချင်စိတ်တွေ ပေါ်နေတုန်း..
ဆရာတော်ကြီးက ကျောင်းသားကို မေးခွန်းထုတ်လိုက်တယ်...
ဟဲ့ .. ကြည်ညိုတယ် ဆိုတာ ရော သိရဲ့ လား ဟု မေးလိုက်ရာ
ကျောင်းသားက ဆရာတော်ကို ပြန်လျှောက်လိုက်သည်
သိပါတယ်.. ဘုရား... ကြည်ညိုတယ် ဆိုတာ စားချင်တာပါ ဘုရား ... ဟူသတည်း.......................
No comments:
Post a Comment