Jailbreak လုပ်စရာမလိုပဲ iPhone , iPad နဲ့ iPod Touch ios 7.1.1 and 8 beta Version တို့ အတွက် မြန်မာစာ သွင်းယူနည်းလေး ဖြစ်ပါတယ်................................ အဲသလို သွင်းယူဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဆော့ဖ်ဝဲလ်လေးကတော့ Burmese Keys ဆိုတဲ့ Application ပဲ ဖြစ်ပါတယ်ခင်မျာ.. အဲဒီဆော့ဖ်ဝဲလ်ကို အောက်မှာ ဒေါင်းယူပါခင်မျာ... ဒေါင်းလုပ်ချ Install လုပ်ပါ.. မြန်မာစာ မထည့်ခင် မိမိ မြန်မာစာ ပေါ်ချင်သော Application တွေကို ဖွင့်ထားရမှာပါ...
ဥပမာ... Facebook မှာ မြန်မာစာ ပေါ်စေချင်ရင် ဖေ့စ်ဘုတ်ကို ဖွင့်ထားရမှာပါ.. Viber မှာ ပေါ်စေချင်ရင်လဲ .. Viber ကို ဖွင့်ထားရမှာပါ...ပြီးရင်တော့ Burmese Keys Application ထဲ ၀င်ပါ. အောက်ဆုံးမှာ တွေ့ရတဲ့ Install Myanmar font ဆိုတာကို နှိပ်ပြီး မြန်မာစာ သွင်းယူရမှာပါ...
မြန်မာ စာ ရိုက်ဖို့ အတွက်တော့ Burmese Keyboard မှာ စာရိုက်ပြီး Copy and Paste လုပ်ပြီး အသုံးပြုနိုင်ပါတယ်... မြန်မာစာ ပေါ်လိုတဲ့ App တွေကို Background multitasking အနေနဲ့ Run ထားရမှာပါ Kill (ပိတ်) မပစ်ရပါ ၊ KILL (ပိတ်)ပစ်လိုက်လျှင် ၊ Kill (ပိတ်) လုပ်လိုက်တဲ့ App မှာ မြန်မာစာ မပေါ်တော့ပါ.. အဲဒါဆို နောက်တစ်ကြိမ် ပြန်ပြီး မြန်မာစာ ထပ်သွင်းဖို့ လိုပါတယ်...
အဲသလို သွင်းမယ်ဆိုရင်တော့...မသွင်းခင် အရင် သွင်းထားတဲ့ Myanmar Font ကို Remove လုပ်ပစ်ရပါမည် ...အဲဒီလို လုပ်ဆောင် ဖို့ အတွက် ...Setting ထဲက General သွားပါ..ဒီမှ တစ်ဆင့် Profile သွားပါ..အောက်မှာ အတိုင်း တွေ့ရတဲ့ မြန်မာဖောင့်ကို Remove နှိပ်ပြီး ဖြုတ်လိုက်ပါ..

ပြီးရင်တော့ နောက်တစ်ကြိမ် ပြန်ပြီး မြန်မာစာ ပြန်သွင်းနိုင်ပါပြီ ခင်မျာ..လေလဲ အတော် ရှည်သွားပြီနော်....
လိုအပ်မည် ဆိုပါက အောက်မှာ ဒေါင်းလုပ်ချပါ.....
No comments:
Post a Comment