ဆွမ်းချက်ခြင်း ဆွမ်းလောင်းခြင်းအမှု့ ကို မိန်းမကြီးများ မိန်းမပျိုကလေးများ၏ တာဝန်ဖြစ်သည် ၊ ဇလုံများ ယွန်းအုပ်များတွင် ဆွမ်းထည့်၍ ကြေးဇွန်းကြီးများဖြင့် ခပ်၍ လောင်းလေ့ရှိကြသည် ၊ ဦးပဉ္စင်းငယ် ဦးပဏ္ဍိတသည် ဇလုံကြီး ၊ကြေးဇွန်းကြီးတို့ ဖြင့် ဆွမ်းလောင်းနေသည်ကို တွေ့ ၍ ၊ ကမန်းကတန်း အမှီပြေးလေရာ မိန်းကလေးများက ပဉ္စင်းပျို ဦးပဏ္ဍိတ ကျမှ ကန့် တော့ဆွမ်းပါ ဟူ၍ ပြောလိုက်လေသည် ။
ဦးပဏ္ဍိတ သည် မကျေမချမ်း ဖြစ်သွားလေသည် ။ အဘယ်ကြောင့် ငါ့ကျမှ ကန် တော့ဆွမ်းရသလဲ ဟု စဉ်းစားသည် ။ အမှန်မှာ ဆွမ်းကို လိုချင်ဇောဖြင့် အပြေးကလေး သွားမိရာတွင် သင်္ကန်း ဘိုသည် ဘတ်သီနှင့် ကာယိနြေ္ဒပျက်လောက်အောင် ဖြစ်သွား၍ ကန့် တော့ဆွမ်းလိုက်ရကြောင်း ပြန်းပြောင်း၍ ပေါ်လာသည် ။ သို့ ကြောင့် ကျောင်းသို့ ရောက်လျှင် အောက် ပါ တေးထပ်ကို ရေးစပ် လိုက်လေတော့ သည်.....
" မန်းမြို့ သူ သောက်ကျင့် ၊ ထောက်ချင့်၍ စာနာ
ဆွမ်းကို ဖြင့် မခံလိုပါ ၊ တန်ပါပြီ ငါ့ရီး... ၊
မစားပဲ အငတ်နေမည် ၊ သေချင်သေ မှတ်ဟဲ့အပြီး ၊
ဟိုနေ့ က အိမ်တအိမ်မှာ ၊ ပြည့်စုံစွာ ဖန်တည်း ၊
ကျယ်ဝန်းစွာ ဇလုံကြီးရယ် နဲ့ ၊ မောက်လုနီးဆွမ်းတွေ ၊
လောင်းလိမ့်မည် ထင်အမှတ်နဲ့  ၊ ၀င်ကပ်လို့ ရပ်မိသလေ ၊
ပဏ္ဍိတ ခေါင်းပြောင်ကို ၊ လောင်းပေါင်ဆို ကိုရင်ကြီးရယ် လို့ ၊
ကန်တော့ဆွမ်း ဆီးလို့ သူဆို ၊ သူ့  ရဲ့ လင်လို
မကျေဘူး ကမ္ဘာပြိုတောင် ၊ ငါရွှေကိုယ် နာလွန်းလို့ လေး ၊။"
No comments:
Post a Comment