ခု တင်ပေးချင်တာကတော့ Windows 7 64 Bit တင်ထားပြီး Zawgyi One setup လဲ မောင်းထားပြီးပြီ..စာကြတော့ ရိုက်လို့ မရဘူး ဆိုတဲ့ တစ်ချို့ တစ်ချို့ ပုဂ္ဂိုလ်များ အတွက်ပါ... မြန်မာစာ ရိုက်မရရင် ကိုယ့်ရဲ့ ၀င်ဒိုးဟာ 32 Bit တင်ထားလား 64 Bit တင်ထားသလား ဆိုတာ အရင်ဆုံး ပြေးကြည့်ရပါ့မယ်...
အဲ့လို ကြည့်ဖို့ အတွက် Keyboard ပေါ်က Windows key နဲ့ Pause Breack ဆိုတဲ့ ခလုပ် နှစ်ခုကို တွဲ နှိပ်လိုက်ပါ... အဲဒီမှာ ကိုယ့်စက်ရဲ့ အင်ဖော်မေးရှင်းကို ဖော်ပြထားပါတယ်...Pause Break ခလုပ် မတွေ့ဘူး ဆိုရင်... My Computer အိုင်ကွန် ပေါ်ကို Right Click ထောက်ပြီး Properties ကို ၀င်ပြီး ကြည့်နိုင်ပါသေးတယ်..
အဲသလိုမှ အဆင်မပြေသေးဘူးဆိုရင် Start > All Programm> Accessaries>System Tools> System information မှာ သွားရောက် ကြည့်ရှု့နိုင်ပါတယ်... အဲသလို ကြည့်ပြီး ကိုယ့်စက်က 64 bit တင်ထားတယ် ဆိုရင်တော့ အောက်မှာ တင်ပေးထားတဲ့ Zawgyi Keyboard Installer လေးကို ဒေါင်း Rar ဖြည့်ပြီး setup ဖိုင်လေးကို Run ပေးလိုက်ပါ.. ပြီးရင်တော့ စာရိုက်လို့ ရပါပြီ ခင်မျာ.... ခုလို သည်းခံပြီး ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်...
No comments:
Post a Comment